ပြင်ဦးလွင် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်( ၉ ) နာရီက ရပ်ကွက်ကြီး ( ၅ )၊ ခုတင် ( ၃၀၀ ) ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ဆောင်ရွက်ရာတွင် ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ပြင်ဦးလွင်မြို့မ ရဲစခန်း၊ သတင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်၊ အမှတ် (၁၆)မူးယစ်တပ်ဖွဲ့စု၊ ဝက်ဝံ X-ray မူးယစ်တပ်ဖွဲ့စု၊ အမှတ် ( ၉၄ ) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမှတ် ( ၄ ) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ နှင့် မိသားစုဝင် စုစုပေါင်း ( ၄၂ )တို့အား သွေးလှူဘဏ်တာဝန်ခံနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများစသည့်တို့ကို စနစ်တကျ ဆောင်ရွက်ပေးကြသည်။
ထို့နောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုအား ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများမှ လိုက်လံကြည့်ရှုအားပေးကြပြီး အားဆေးနှင့် အာဟာရဖြည့်စွက်စာအဖြစ် ကြက်ဥ၊ အားဖြည့်အချိုရည်၊ အားဆေး၊ ဓါတ်ဆားမုန့်၊ ဖီးကြမ်းငှက်ပျောသီးတို့အား ထောက်ပံ့လှူဒါန်းပေးခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲသူရဝဏ္ဏစိုးအောင်မှ သွေးအိတ်များပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီးဒေါက်တာသင်းသင်းအိနှင့် တာဝန်ရှိသူများမှလက်ခံရယူခဲ့၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည် ။
ခရိုင်(ပြန်/ဆက်)