လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီ၌ ရေဥက္ကံကျေးရွာအုပ်စု ဗန်းမော်အတွင်း၀န်လမ်း စိန်မြဓမ္မသာလဓမ္မပါလဓမ္မာရုံတွင် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းတွင် သင်တန်းနည်းပြ ဆရာ(၂)ဦးမှ မြန်မာအီလက်ထရောနစ် မဲပေးစက်တည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး မဲဆန္ဒရှင် ပြည်သူများမှတစ်ဦးချင်း လက်တွေ့စမ်းသပ် သရုပ်ပြမဲပေး ဆောင်ရွက်ကြသည်။
ထို့နောက် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုလျက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာနမှ၀န်ထမ်းများ၊ ပညာရေးရုံးမှဆရာ၊ ဆရာမများ၊ စည်ပင်သာယာရေး ၀န်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ရေဥက္ကံကျေးရွာအုပ်ချုပ် ရေးမှူး ဦးထွန်းနိုင်နှင့်အဖွဲ့၀င်များက မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ပူးပေါင်းပါ၀င်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ