ပြည်ကြီးတံခွန် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ အ.ထ.က(၂၇)ကျောင်းတွင် စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနေ့ (အကြို) လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နေ့ စာဖတ်ဝိုင်းတွင် ပြောကြားရမည့် အကြောင်းအရာများ၊ ကိုယ်တိုင်ဆွေးနွေးပြောကြားရမည့် ခေါင်းစဉ်များအား စာဖတ်ဝိုင်းတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်စေကာ လိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ မောင်မင်းစိုး ရေးသားထားသော “လူငယ်နှင့်ပရဟိတ” စာအုပ်မှ အကြောင်းအရာများအနက် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် ခေါင်းစဉ် (၃) ခုစီဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အ.ထ.က (၂၇) ကျောင်းမှ Grade-11 ကျောင်းသား မောင်ကျော်ဇင်သန့်က လူငယ်နှင့် ပွင့်လင်းမြင်သာမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်အလုပ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်အသိစိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က (၃၁) ကျောင်းမှ Grade-10 ကျောင်းသား မောင်ထူးအောင်ကောင်းက လူငယ်နှင့်မြင့်မြတ်နှလုံးသား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်တာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်အမျိုးသားရေးစိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(ခွဲ) ၂၅ ကျောင်းမှ Grade-11 ကျောင်းသူ မကေကေခိုင်စိုးက လူငယ်နှင့်ညီညွတ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်သူငယ်ချင်းစိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်အာခံခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က (ခွဲ) ၅ ကျောင်းမှ Grade -11 ကျောင်းသူ မအိသန္တာကျော် က လူငယ်နှင့်လူကြီးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်အပေးအယူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်အယုံလွယ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း စာဖတ်ဝိုင်း ဆွေးနွေးလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းမောင်