ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံ

မိတ္ထီလာ စက်တင်ဘာ ၂၀

ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင်  မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်က မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံခြင်းမှာ ပထမအကြိမ် မဲစာရင်းများကပ်နိုင်ရေး၊ အထွေထွေရွေးကောက်ပွဲ Bill board စိုက်ထူနိုင်ရေး၊ မဲဆန္ဒရှင်နယ်မြေ ပြင်ပရောက်ပုဂ္ဂိုလ်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး၊  ရပ်ကွက်ကျေးရွာများတွင် လျာထားမဲရုံတည်နေရာစာရင်းများ၊ မဲဆန္ဒရှင်အင်အားစာရင်းများ၊ ရွေးကောက်ပွဲကျင်းပမည့် အပိုင်းအလိုက် MEVM စက်များ ရွေ့ပြောင်းမည့်လုပ်ငန်းများ၊ MEVM စက်များ လိုအပ်သည့်အရေအတွက်များ၊ MEVM စက်နှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်ပြီး မဲပေးနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း စီစစ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ခရိုင်အတွင်း MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ MEVM စက်များ ရွေ့ပြောင်းသယ်ယူမည့်အခြေအနေများနှင့် MEVM စက်များ Install ဆောင်ရွက်မည့်အခြေအနေများအား တင်ပြခဲ့ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန္ဒကျော်သူနှင့်  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ခိုင်နွယ်တို့က ပထမအကြိမ်မဲစာရင်းကပ်ထားနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုအခြေအနေများအား တင်ပြမှုအပေါ် ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်က လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်၊ မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန္ဒကျော်သူနှင့်  အဖွဲ့ဝင်များ၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)