ကျောက်တန်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က After Lunch tooth-brushing activity ကိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျင်းပခဲ့ပါသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး (သွားကျန်းမာရေး) ဒေါက်တာ ကွန်စတန်ဦးဆောင်၍ အနောက်ပိုင်းဆေးရုံးကြီးမှ သွားနှင်ခံတွင်းဆရာဝန်သုံးဦး၊ သာကေတသွားနှင့်ခံတွင်း အထူးကုဆေးရုံးကြီးမှဆရာဝန်နှစ်ဦးနှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ) နှင့်အခြေခံပညာမူလတန်းကျောင်း (စံချိန်မှီ) တို့တွင် နည်းစနစ်မှန် သွားတိုက်ခြင်းအမူအကျင့်စွဲမြဲပြီး သွားနှင့်ခံတွင်းရောဂါများ ကာကွယ်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် After Lunch tooth-brushing activity ကိုဆောင်ရွက်ခြင်းဖြစ်သည်။
ထိုပြင် မူလတန်းကျောင်းသားကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်း၊ KG ကျောင်းသားကျောင်းသူများအားအုပ်စုဖွဲ့၍ စနစ်မှန်သွားတိုက်နည်းလက်တွေသရုပ်ပြ သင်ကြားခြင်း၊ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နေလင်းကျော် (ပြန်/ဆက်)