လမ်းမတော် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေး ဦးဆောင်သော ကျန်းမာရေးဝန်းများမှ အသက်(၄၀)နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအား ထမင်းတစ်ပန်းကန်စားသုံးနည်းအကြောင်းနှင့် အစာအုပ်စုများအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ Chair exercise ပြုလုပ်ခြင်း၊ လိုအပ်သည့် စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းနှင့် NCD ဆေးဝါးများ အခမဲ့ပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများခံယူစေခြင်းတို့ကို စနစ်တကျဆောင် ရွက်ပေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)