ဒဂုံတောင် စက်တင်ဘာ ၁၉
၂၀၂၅ ခုနှစ်၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၁) နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို (၂၅) ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားတွင် ယမန်နေ့မွန်းလွဲ ၂ နာရီနှင့် ညနေ၄နာရီတို့တွင် အုပ်(ဃ) ပထမနှင့် အုပ်စု(င) ဒုတိယ၊ အုပ်စု(ခ) ပထမနှင့် အုပ်စု (ဆ) ဒုတိယတို့ ရှုံးထွက် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ထိုသို့ယှဉ်ပြိုင်ကစားကြရာ အုပ် (ဃ) ပထမဖြစ်သော (၁၀၆) ရပ်ကွက်အသင်းနှင့်အုပ်စု(င)ဒုတိယဖြစ် သော(၅၄)ရပ်ကွက် အသင်းတို့ ပထပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြရာ ၁၀၆ရပ်ကွက် အသင်းက ၅၄ ရပ်ကွက်အသင်းကို (၄) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဒုတိယပွဲစဉ်တွင် အုပ်စု(ခ) ပထမဖြစ်သော (၁၉) ရပ်ကွက်အသင်းနှင့် အုပ်စု (ဆ) ဒုတိယဖြစ်သော (၁၈)ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကြရာ ၁၉ရပ်ကွက်အသင်းက ၁၈ ရပ်ကွက်အသင်းကို (၂) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိ ကြောင်းသိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီမံလမ်းညွှန်ကြီးကြပ်အားပေးမှုဖြင့် လုံခြုံရေးဆောင်ရွက်ပေးခြင်း မြို့နယ်ကြက်ခြေနီအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြောင်းနှင့် ရပ်ကွက်အလိုက် အားပေးသူများနှင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။
နေမျိုးအောင်