မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာ‌ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ(၁၇)ရက်နေ့နံနက်ပိုင်းက  ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများက အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း ၊ (Bright Top Star)ကိုယ်ပိုင်ကျောင်းနှင့် ကောင်းမြတ်သာ (အထက်တန်းဆင့်)ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား  ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးခြင်း ၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း စသည့်တို့ကို ဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)