ရမည်းသင်းမြို့ ဗမက(အမက​)ကျောင်း၌အသိပညာပေးဟောပြောပွဲ

ရမည်းသင်း စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ရမည်းသင်း​မြို့နယ် ဗမက(အမက​) ကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကို ယမန်နေ့​မွန်းလွဲပိုင်းက ပြုလုပ်သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး အရာရှိ ဒေါ်သန္တာလင်းက သဘာဝ​​​ဘေးအန္တရာယ်အ​​​ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက  ရင်ဆိုင်ကာကွယ် ရမည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောသည်။

ဟောပြောပွဲအပြီးတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်  နံရံကပ် စာစောင်များ ပြသခြင်းနှင့်သုတ၊ ရသစာအုပ်၊ စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)