သာစည် စက်တင်ဘာ ၁၉
အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ်သွေးလိုအပ်ချက်များရှိပါက အသင့်အသုံးပြုနိုင်ရန် ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးလွင်ဦး ဦးဆောင်မှုဖြင့်တပ်ဖွဲ့ဝင် ၁၅ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဇေယျာမျိုးနှင့် ဝန်ထမ်းများက သွေးလှူဒါန်းနိုင်ရန် ဆေးစစ်မှုများနှင့်လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သာစည်မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းချိုချိုနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးတို့က သွေးလှူဒါန်းသည့်တပ်ဖွဲ့ဝင်များအား ကြက်ဥနှင့် အားဖြည့်အချိုရည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)