မိုင်းရှူး စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် အလုပ်တာဝန်ဖြင့် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းဖတ်ရှုရန် ခက်ခဲသူများအတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် သုတ/ရသများ၊ မဂ္ဂဇင်းများနှင့်ဝတ္ထုစာအုပ်များ ငှားရမ်းပေးပြီး လစဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)