ကိုကိုးကျွန်းမြို့နယ်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်

ကိုကိုးကျွန်း စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community-Centre)ခန်းမတွင် စက်တင်ဘာ ၁၇ ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ပြိုင်ပွဲများ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာအတတ်ပညာများ၊ အတွေ့အကြုံဗဟုသုတများ ရရှိစေရန် ပြိုင်ပွဲများကိုပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဌာနမှ ပြုလုပ်ပေးသည့် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း၊ လူငယ်များ ပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် စကားပြောစွမ်းရည်နှင့် အများရှေ့တွင်ရဲဝံ့စွာ ပြောဆိုနိုင်သည့် အလေ့အကျင့်ကောင်းများရှိလာပြီး ထူးချွန်ထက်မြတ်သည့် လူငယ်များဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ တိမ်ဦးလေချိုကလေးကဗျာများ စာအုပ်မှ တောဓလေနွေအလှခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရာ ဝင်ရောက်ယှဉ်ပြိုင်သူ(၁၃)ဦးရှိကြောင်း သိရသည်။ အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)