ပုသိမ်ကြီး စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက်ကျေးရွာရှိ “အလင်းရောင်” စာကြည့်တိုက်သစ် အမြန်ဖွင့်လှစ်နိုင်ရေး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့်အဖွဲ့ဝင်များ စက်တင်ဘာ ၁၉ ရက် နံနက် ၉နာရီက ကွင်းဆင်းကြည့်ရှုသည်။
“အလင်းရောင်”ကျေးရွာစာကြည့်တိုက်သည် ပေ ၂၀ ၊ ပေ ၃၀၊ နံကပ်တစ်ထပ် အဆောက်အအုံ ဖြစ်ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းကော်မတီမှ မတည်ငွေကျပ်သိန်း ၁၅၀၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်အလှူငွေတို့ဖြင့် ဆောက်လုပ်လှူဒါန်းထားသော ကျေးရွာစာကြည့်တိုက်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိထံမှ သိရသည်။ ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ပေးမှုကြောင့် ကျေးလက်နေပြည်သူများ၏ဘဝ အသိပညာ၊ ဗဟုသုတများစွာ ရရှိမည့်အပြင် ကျေးရွာရှိ ကျောင်းသားကျောင်းသူ ကလေးငယ်များ၊ အတန်းပညာတင်မက အထွေထွေဗဟုသုတများစွာ ရရှိစေမည့် စာအုပ်စာစောင်များစွာကိုလည်း၊ အဆိုပါစာကြည့်တိုက်တွင် ဖတ်ရှုလေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်