မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးလမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

 မြစ်ကြီးနား    ဒီဇင်ဘာ  ၂၃

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများပူးပေါင်းကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပင်စင်(အငြိမ်းစား) ဝန်ထမ်းများ အား ပင်စင်လစာများ ထုတ်ယူရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သတ်မှတ်အကွာ အဝေးတွင် ထိုင်ခုံများ စနစ်တကျနေရာချထားပေးခြင်း၊ ခန်းမအဝင်ပေါက်၌ လက်သန့်ဆေးရည်များဖြင့် လက်များဆေးကြောသန့်စင်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ပါစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပေးခြင်းတို့ကို‌ ဆောင်ရွက်ပေးလျက်ရှိ သည်။

 မြစ်ကြီးနားမြို့နယ်တွင် ရပ်ကွက်ကျေးရွာ(၆၀)ရှိပြီး အငြိမ်းစားပင်စင်စားဝန်ထမ်းဦးရေ (၁၇၀၀၀)ကျော် ရှိကြောင်းနှင့် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် အလှည့်ကျထုတ်ပေးလျက်ရှိပြီး ပင်စင်လစာများကို ဒီဇင်ဘာ (၂၁) ရက်မှ (၂၉)ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှသိရသည်။

 စိန်ဝင်း(ပြန်/ဆက်)