တိုက်ကြီး စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ထိန်ပင်အင်းကျေးရွာနှင့် ဘုရားကြီးစုကျေးရွာတို့၌ ထုတ်ချေးပေးသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေက ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် တိုးပွားလာသည့် ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရန်ပုံငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောသည်။
ထို့နောက် စီမံကိန်းတာဝန်ခံ ဒေါ်မေချိုဟန်က ထိန်ပင်အင်းကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြုရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၈၃ ဦးအတွက် ရန်ပုံငွေကျပ် သိန်း ၂၅၀ နှင့် ဘုရားကြီးစုကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြုရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၁၂၄ ဦးအတွက် ရန်ပုံငွေကျပ်သိန်း ၃၈၀ အား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)