တန့်ယန်း စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ကျေးရွာများအထိပါ ကွင်းဆင်းဆောင်ရွက်နေရာ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက မိုင်းပတ်ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူးက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အကြောင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများ၊ ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျေးရွာရှိ ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့ စမ်းသပ်မဲပေးကြရာ တာဝန်ရှိသူတို့က ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)