မိုင်းရယ် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့၌ အခြေခံပညာကျောင်းအလယ်တန်းကျောင်း (မိုင်းရယ်)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်အား ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်သည်။
အဆိုပါ အခြေခံပညာကျောင်းအလယ်တန်းကျောင်း (မိုင်းရယ်)တွင် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက လူငယ်ရေးရာ အသိပညာပေးအဖြစ် လူငယ်နှင့်ပညာရေးအကြောင်းအား ဟောပြောသည်။ ဆက်လက်ပြီး လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအားပြသခြင်း နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်စာစောင်ပြပွဲပြုလုပ်ပေးခြင်း၊ စာအုပ်ငှားရမ်းပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)