ကွန်ဟိန်း စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စာပေဝါသနာရှင်တို့ပူးပေါင်း၍ စာရေးဆရာ ထွန်းလှိုင်(မြိုင်) ရေးသားထားသည့် “ကြုံကြိုက်လို့ပါဆရာရယ်နှင့် မွေးမြူရေးဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန်းနော်ဦးက “ကြုံကြိုက်လို့ပါဆရာရယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်နန်းရွှေကြာက “သတိထားစေချင်ကူးစက်ရောဂါ”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အေးစိန်မှ “ဝမ်းသာပီတိဖြစ်ခဲ့ရ၏” ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အသိပညာပေး နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)