ငါန်းဇွန်မြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ  ရောစပ် ကြဲပက်ခြင်း တောင်သူပညာပေးသရုပ်ပြ

ငါန်းဇွန်       စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁ အချိုး ၃)ရောစပ် ကြဲပက်ခြင်း တောင်သူ ပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီက ရွာသစ်ကျေးရွာအုပ်စုရှိ တောင်သူ ဦးကြည်တင်၏ မိုးစပါး ပန်းတိုင်ရရှိရေးစံပြကွက်စိုက်ခင်း (၅)ဧကတွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး   ဦးအောင်ဆန်းလင်းက     မိုးစပါး ပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုများထည့်သွင်းဆောင်ရွက်ရာ၌ သီးနှံပင်၏ သက်တမ်းအလိုက် အသုံးပြုရမည့် မြေဩဇာများအားနှုန်းထားမှန်ကန်စေရေး၊ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် ထိရောက်မှုရှိပြီး အပင်အတွက် အကျိုးဖြစ်ထွန်းစေရေး၊ သဘာဝမြေဩဇာများ အချိုးကျရောစပ်၍ အချိန်ကိုက် ကြဲပက်ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးနည်းပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေး၍ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ် ကြဲပက်ခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြသည်။

သက်နောင်ဦး(ငါန်းဇွန်)