ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်

ညောင်ဦး  စက်တင်ဘာ ၁၉

ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ရုံးစာရေးသားနည်းသင်တန်း  ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဦးစွာ သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိတို့ ဝန်ထမ်းများတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ဦးစီးမှူးက ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးလုပ်ငန်းသဘောတရား၊ ရုံးစာရေးသား နည်း အမျိုးအစား၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကို အရေးယူ ဆောင်ရွက်ခြင်း စသည့်တို့ကို အသေးစိတ်လက်ရှိဆောင်ရွက်နေမှုများနှင့်နှိုင်းယှဉ်၍ ဆွေးနွေး ပေးခဲ့သည်။ အဆိုပါသင်တန်းသို့ စက်တင်ဘာ ၁၉ ရက်နေ့တွင် Zoom Application ဖြင့် ကျောက်ပန်းတောင်းမြို့နယ်ရုံး၊ ငါ့သရောက်မြို့ရုံး၊ ညောင်ဦးရုံးတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကာ စက်တင်ဘာ ၂၀ ရက်နေ့ထိ(၂)ရက်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း