မဟာအောင်မြေမြို့နယ် အ.လ.ကခွဲ (၁)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်‌ရေးရာ အသိပညာပေး 

မဟာအောင်မြေ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်‌ ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၉ရက် နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် မဟာအောင်မြေမြို့နယ်၊အမှတ် (၁)အ‌ခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်များအနေဖြင့် စာအုပ်စာစောင်များကို အမြဲလေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေကို အမြဲလေ့လာဖတ်ရှုနေမှသာ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်မည် ဖြစ်ကြောင်း၊‌ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်းရှာဖွေ၍ လေ့လာမှတ်သားစေလိုကြောင်း၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်ပြီး ပရိသတ်ရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲသည့် သတ္တိများ ရှိလာစေရန်၊အခြေခံ ပညာမှအဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန် ထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ဖြစ်ကြောင်း ဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာ စောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း