လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်အဆင့်-၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

လားရှိုး စက်တင်ဘာ ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်သက်နိုင်နှင့် ဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့ကွင်းဆင်း၍  ပန်းခင်းစီမံချက်အဆင့်-၃ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/လဲလှယ်သည့် မဲရုံတာဝန်ကျ ဆရာ၊ ဆရာမ စုစုပေါင်း ၁၅၄ တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)