ချမ်းအေးသာစံ စက်တင်ဘာ ၁၉
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သွားရောက် ယှဥ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့် လူရွေးချယ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်၉နာရီက ကျင်းပသည်။
းဦးစွာ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ဝါဝါကျော်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ပြိုင်ပွဲများ၏ အမှတ်ပေးစည်းမျည်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပြိုင်ပွဲများကျင်းပရာ အခြေခံပညာမူလတန်းအဆင့် ပုံပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၈)ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၀၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၁၁ဦးတို့ ယှဥ်ပြိုင်ခဲ့ကြသည်။
ထိုသို့ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများ ယှဥ်ပြိုင်နေမှုများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဦးထွန်းထွန်းနိုင် တို့က အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)