မိုးနဲ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ယခုနှစ် မိုးရာသီစိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများအား ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် နောင်မြိုင်းကျေးရွာအုပ်စု၊ ကင်တုံကျေးရွာ တောင်သူဦးစိုင်းမြင့်၏ လယ်ကွင်းနေရာတွင် ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူများပြောင်းလဲလာသည့် ရာသီဥတုကြောင့် စပါးစိုက်ခင်းများ၌ ကျရောက်တတ်သော ပိုးမွှားရောဂါများ၊ ကာကွယ်နှိမ်နှင်းရေးနည်းလမ်းများနှင့် ဓာတ်မြေဩဇာကို လိုအပ်သည့်အချိန်ထည့်သွင်းပြီး ပိုမိုမသုံးစွဲရေး၊ ဓာတ်မြေသြဇာစနစ်တကျ ကိုင်တွယ်အသုံးပြုရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)