ကျောက်ဆည်မြို့နယ်တွင် မိုးစပါးအပြင်သီးနှံစုံ(၂၃၇၆)ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ၌သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဩဂုတ်လကုန်အထိ တိုက်နယ်(၁၀)ခုတွင် မိုးစပါးအပြင်သီးနှံစုံ(၂၃၇၆)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

တိုက်နယ် (၁၀)ခုတွင် မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တောတွင်၊ မြေစိုပယ် စသည့် ကျေးရွာ အုပ်စုပေါင်း(၆)အုပ်စုပါဝင်ပြီး ပဲတီစိမ်း၃၄၃ဧက၊ အခြားပဲ၅၈၆ဧက၊ ဖူးစားပြောင်း ၁၂၉ဧက၊ နှံစားပြောင်း၁၇၈ဧက၊ ငှက်ပျောငါးဧက၊ ငရုတ် ၈၄ဧက၊ နနွင်း ဧက၆၀ ၊ နေကြာဧက ၂၀၊ သရက် ၂၃၅ ဧက၊ ဟင်းသီးဟင်းရွက်(၂၉၅)ဧက၊ ကျွဲ၊နွားစာ၄၄၁ဧက စုစုပေါင်း၂၃၇၆ဧက စိုက်ပျိုးပြီးကြောင်း သိရသည်

မိုးသီးနှံများစိုက်ပျိုးရာ၌ ရေမြေဒေသအလိုက် ဆည်ရေများ၊ မြေအောက်ရေများ၊ မိုးရေများဖြင့် စိုက်ပျိုးကြပြီး စိုက်ပျိုးသီးနှံများအောင်မြင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များ၊ ဌာနဆိုင်ရာ များနှင့် တောင်သူများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)