ကြည့်မြင်တိုင် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်ဌာနမှူးများမှ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ ဗဟိုစံပြငါးဈေးနှင့် ကမ်းနားဈေးတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့တော်ဝန်နှင့် ဌာနမှူးများသည် စျေးများအတွင်း သန့်ရှင်းသပ်ရပ်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ စျေးရုံများကြံခိုင်မှုရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး ကမ်းနားစျေး (က)ရုံရှိပေါက်ပြဲနေသော သွပ်မိုးများအားပြုပြင်ဆောင်ရွက်ရန်အတွက် လမ်းညွှန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း