တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

တာမွေ စက်တင်ဘာ

ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ပေးအပ်ရာတွင် တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက တစ်ဦးလျှင် (တစ်ပတ်စာ) အဖြစ် ဆန်တစ်ပြည်နှင့် ခြောက်ဘူး၊ စားအုန်းဆီ (၁၅.၇၅) ကျပ်သား၊ ဆား(၇)ကျပ်သား၊ ပဲ(၃၅) ကျပ်သားတို့အား မြို့နယ်အတွင်း ရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူ စုစုပေါင်းလူဦးရေ (၁၀၉၀)ဦးရှိ၍ ယနေ့တွင် အဆိုပါထောက်ပံ့ပေးအပ်သည့် စားနပ်ရိက္ခာပစ္စည်း(၄)မျိုးအား ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှပြည်သူ စုစုပေါင်းလူဦးရေ (၉၁၆) ဦးထံ လက်ဝယ်အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထက်တံခွန် (ပြန်/ဆက်)