(၆၁) မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းအပြင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်

ညောင်ဦး စက်တင်ဘာ ၁၉

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်ကျရောက်မည့် (၆၁) မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး ခုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်ရေးပြုလုပ်ရာသို့ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းစိုး၊ ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်း၊ မီးရထားရဲတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီးအောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဝင်းခိုင်တို့က(၆၁)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့အကြိုအထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ကြည့်ရှုစစ်ဆေးအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်အားပေးရာတွင် ဆေးရုံကြီးဝင်းအတွင်း၊ အပြင်သန့်ရှင်းသာယာလှပရေးအတွက်ဆောင်ရွက်ခြင်း၊ ဆေးရုံအဆောက်အအုံများပေါ်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များ ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံဘေးထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီးများ အမြင်တင့်တယ်စေရေး၊ လေဝင်၊ လေထွက်ကောင်းမွန်စေရေးနှင့်အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ကြကြောင်းသိရသည်။

ဒီပါလင်း