ရန်ကုန်မြို့ရှိ INYA LAK EHOTEL တွင် လူငယ်ကြက်ခြေနီမူဝါဒ မိတ်ဆက်အခမ်းအနားကျင်းပ

ရန်ကုန် စက်တင်ဘာလ ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း “လူငယ်ကြက်ခြေနီမူဝါဒမိတ်ဆက်အခမ်းအနား” ကို စက်တင်ဘာလ (၁၆) ရက်နေ့က ရန်ကုန်မြို့ရှိ INYA LAK EHOTEL တွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အမှာစကားပြောကြားရာတွင် ယခုမူဝါဒသည် မူဝါဒသက်သက်မဟုတ်ဘဲ ကြက်ခြေနီလှုပ်ရှားမှုနှင့် လူထုအတွင်းမှ လူငယ်များ၏ အခန်းကဏ္ဍကို အားကောင်းစေမည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ အသင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍတွင် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ လူငယ်များ၏စွမ်းပကားဖြင့် အသင်း၏ ပိုမိုကောင်းမွန်သော အနာဂတ်ခရီးလမ်းကို မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ မာလာဝင်းက လူငယ်ကြက်ခြေနီမူဝါရေးဆွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ အသင်းဉက္ကဋ္ဌနှင့်အတူ အသင်းအလုပ်အမှုဆောင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Nadia Khoury နှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ ကြက်ခြေနီလူငယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)