ညောင်ဦး စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၏ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာရောစပ်ကြဲပက်ကွင်းသရုပ်ပြပွဲအခမ်းအနား ညောင်ဦးမြို့နယ်၊ ကျောက်ကူးမြစ်ရေတင် မြေနဲလေးကွင်းတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲက ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ယူရီးယားနှင့်သဘာဝမြေဩဇာ (1:3) ရောစပ်ကြဲပက်ခြင်း သရုပ်ပြပွဲကို မြေနဲလေးကျေးရွာ၊ ကွင်းအမှတ်(၁၄၄၆)၊ တောင်သူ ဦးဝင်းအောင်၏ ဆင်းသုခ စပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြစိုက်ခင်းတွင် သရုပ်ပြပွဲပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊ မျိုး၊ ပိုး တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ ယူရီးယားနှင့် သဘာဝမြေဩဇာ (1:3) ရောစပ်ကြဲပက်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး ဒု-ဦးစီးမှူး ဦးမျိုးထက်ထန်မှ စပါးပင်သက်တမ်းတလျှောက် ပန်းတိုင်အထွက်ရရှိရန် မြေဩဇာလိုအပ်ချက်များ ပိုးရောဂါကာကွယ်နှိမ်နင်းနည်းများကို ပညာပေးဆွေးနွေးခဲ့ပြီး မြေဩဇာစုပေါင်းကြဲပက်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း