ရန်ကုန် စက်တင်ဘာ ၁၉
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက အမှုထမ်းရပ်ကွက် သာသနာ့ဗိမာန်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ညောင်သုံးပင်၊ အမှုထမ်း၊ ပဲခူးစုရပ်ကွက်တို့မှ မဲဆန္ဒရှင်ပြည်သူ (၂၅၀၀)ဦးတို့အား မြန်မာအီလက်ထရောနစ်မဲပေးစက်( MEVM) နှင့်ပတ်သက်ပြီး လက်တွေ့စမ်းသပ် အသိပညာပေးခြင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဆောင်ရွက်ခဲ့သည်။
ထို့နောက်သန်လျင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ပြည်သူများအား လက်တွေ့မဲပေးပုံ ပြသနေမှုများအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုကာ လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အခမ်းအနားသို့ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ သန်လျင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ