မိုးနဲ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု၊ ဆိုင်ဖယ်အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ထူးချွန်စွာအတန်းတက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာကိုရည်တို့လှမ်းချီ တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်နန်းယဉ်ယဉ်အေးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကြိမ်ခမ်းက ကျောင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများကိုလည်းကောင်း ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ကျောင်းဆိုင်ရာအချက်အလက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအတန်းတက်ခဲ့ကြသော KG တန်းမှ Grade-7 အထိ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)