စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ Mobile Library နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မိုင်းနောင် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဝန်ထမ်းများနှင့် မိသားစုဝင်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတများရရှိစေရေး၊ စာအုပ်၊ စာစောင်များ ဖတ်ရှုခြင်းဖြင့် စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန် ရည်ရွယ်၍ စီစဥ်ဆောင်ရွက်ပေးကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်းသိရသည်။

မနန်း(မိုင်းနောင်)