မိုင်းခတ်၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိုင်းခတ် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်း‌ဆောင်ရွက်မှုများ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ၊ ကျိုင်းတုံမှ ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းနှင့် အဖွဲ့သည် မိုင်းခတ်မြို့အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းလုပ်ငန်းဆောင်ရွက်မှု လမ်း၊ တံတားလုပ်ငန်း၊ ယာဉ်စက်ယန္တရားများ ကြံ့ခိုင်ရေးအခြေအနေများ၊ ရေပေးရေးလုပ်ငန်းနှင့် နမ့်ဟူးရေထွက်သို့ ကွင်းဆင်းစစ်ဆေးမှုနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကြည့်ရှုစစ်ဆေးရာ မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားဝေနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မြင့်မြတ်တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြသရာဌာနခွဲ တာဝန်ခံက လိုအပ်ချက်များအပေါ် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)