ချမ်းအေးသာစံ စက်တင်ဘာ ၁၉
ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သွားရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့် ပန်းချီလူရွေးချယ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၁၉ ရက်နေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်း သား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် မြို့နယ်အဆင့် လူရွေးချယ်ပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်မှ ဦးဆောင်ကာ ကျင်းပဆောင်ရွက်ခဲ့သည်။
မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကျင်းပခဲ့ရာ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၄)ဦး၊ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၁) ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)