မြစ်သားမြို့နယ်အမှတ်(၇)အထည်စက်ရုံတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေး

မြစ်သား     စက်တင်ဘာ     ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့်မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို စက်တင်ဘာ ၁၈ ရက်က အမှတ်(၇)အထည်စက်ရုံ၌ ပြုလုပ်သည်။

မြစ်သားမြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံမှ စက်ရုံမှူး ဦးဝင်းဇော်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ  ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖိုး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းမောင်နှင့်အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖွဲ့စည်းပုံကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ အမှတ် (၇) အထည် စက်ရုံ ဝန်ထမ်းများအား လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)