သံဖြူဇရပ် စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်သည်။
ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အားလပ်ချိန်တွင်အချိန်ကို အကျိုးရှိစွာအသုံးပြုစေရေး ကျောင်းစာကို ကြိုးစားသင်ယူရင်း ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရေး ကျောင်းစာကြည့်တိုက်ကို အသုံးပြုကြစေရန်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောသည်။
ထို့နောက် ကျောင်းသားကျောင်းသူများအား ခင်းကျင်းပြသထားသည့်ကလေးစာပေဆိုင်ရာစာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)