ချောင်းဆုံမြို့နယ်၌  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ စက်တင်ဘာ ၁၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ကွမ်သဲ(တော်ပေါင်း)(မူလွန်) ကျောင်း၌ လူငယ်ရေးရာအသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေးက အဖွင့်အမှာ စကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက  ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးဆိုင်ရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများဟောပြောပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်ငုံဖူးက အားကစားနှင့်ကျန်းမာရေးအကြောင်း ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးဦးက စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း စသည်ဖြင့် ဟောပြောခဲ့ကြပြီး ကျောင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့်  အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)