ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထူးချွန်ဝန်ထမ်းသား၊ သမီးများနှင့်အ‌ဝေးသင်တက်ရောက်မည့်ဝန်ထမ်းများအား ချီးမြှင့်ငွေပေးအပ်

မန္တလေး စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းမိသားစုဝင်သားသမီးများ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် အဝေးသင်တက်ရောက်မည့် ဝန်ထမ်းများအား ပညာသင်ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်က အောင်မြေသာစံမြို့နယ် မန်း‌တောင်‌ခြေရှိ အဆိုပါရုံးတွင်ကျင်းပသည်။

အစီအစဉ်အရ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များက  ဝန်ထမ်းသား၊ သမီးများမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာဖြင့် ခြောက်ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် တစ်ဦး၊ ရိုးရိုး‌အောင်တစ်ဦး၊ အ‌ဝေးသင်တက္ကသိုလ်တက်ရောက်ကြမည့် ဝန်ထမ်း(၁၂)ဦးတို့အား ဂုဏ်ပြု ဆုနှင့် ချီးမြှင့်ငွေပေးအပ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)