မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

မန္တလေး စက်တင်ဘာ ၁၉

၂၀၂၅-ခုနှစ်၊မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပသည်။

ဗိုလ်လုပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူများက ရမည်းသင်းခရိုင်အသင်းနှင့် မိတ္ထီလာခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ပယ်နယ်တီအဆုံးအဖြတ်ဖြင့်  မိတ္ထီလာခရိုင်အသင်းက ရမည်းသင်းခရိုင်အသင်းကို ၅ ဂိုး - ၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။ 

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦး‌စောငြိမ်း၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက  နေရာအလိုက် အကောင်းဆုံးဆုရရှိသည် အားကစားသမားများကို ဆုများ ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပထမဆုရရှိသည့် မိတ္ထီလာခရိုင်အသင်းအား တိုင်းဒေသကြီးအမျိုးသမီး အားကစားဆပ်ကော်မတီ နာယက၊တိုင်းဒေသ ကြီးဝန်ကြီးချုပ်၏ဇနီးက တစ်ဦးချင်း ဆုတံဆိပ်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုတံခွန်စိုက်ဆုဖလားနှင့်ငွေသားဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)