မိတ္ထီလာ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင် ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား စက်တင်ဘာ ၁၈ ရက်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ရွာသွားလမ်းအား ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ်သန်း ၁၃၅.၃၂၀ ဖြင့် ရွှေရောင်လွင်ပြင်ကုမ္ပဏီမှ အရှည် ၀/၂မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၇လက်မရှိ ကွန်ကရစ်လမ်းအား ဇွန်လ ၁၁ ရက်မှ စတင်၍ တာဝန်ဆောင်ရွက်လျက်ရှိရာ ၎င်းကွန်ကရစ်လမ်းခင်းနေမှုအား မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)