ချမ်းမြသာစည် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အ-ထ-က (၃၀)ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်(အကြို) မြို့နယ်အဆင့်ပြိုင်ပွဲများ ကျင်းပခြင်းကို စက်တင်ဘာ ၁၈ နံနက် ၉ နာရီက အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရေခဲက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျပန်းစကားပြော ပြိုင်ပွဲတွင် (၁၀)ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် (၁၆)ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် (၁၆)ဦး၊ စုစုပေါင်း (၄၂) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများသည် ခရိုင်အဆင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့်ပြိုင်ပွဲများသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရေခဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မန္တလေးခရိုင်၊ဦးစီးအရာရှိ ဒေါ်ခင်စောလွင်၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့ (ချမ်း/စည်)