ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၁၈

လူငယ်လူရွယ်များ ဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စာစီ စာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို စက်တင်ဘာ ၁၈ ရက်နေ့က ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၄)မူလွန် ကျောင်းအုပ်ဆရာကြီးက စာစီစာကုံးပြိုင်ပွဲနှင့်ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာစီစာကုံးပြိုင်ပွဲကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ခေါင်းစဥ်ဖြင့်ကျင်းပခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပြပွဲ၊ ပြိုင်ပွဲများသို့ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)