သာစည် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာ သုခမိန်စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်နှင့် စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်ရည်ရွယ်၍ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင် စာကြည့်တိုက်ကို အသုံးချခြင်းဖြင့် မိမိတို့၏ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ထူးချွန်ထက်မြက် သော လူတော်လူကောင်းများ ဖြစ်လာကြစေရေး၊ စာပေဖတ်ရှုသည့်အလေးအကျင့်ကောင်းများ ရရှိစေရေးတို့အတွက် ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ပြိုင်ပွဲပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က စာရေးဆရာ ချမ်းဝဏ္ဏစိုးတိုက်ကြီး၏ တာဝန်ကိုယ်စီရှိကြသည်ခေါင်းစဉ်ဖြင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ရာ အကောင်းဆုံးပြန်လည် ဆွေးနွေးနိုင်သည့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်၊။
မြို့နယ်(ပြန်/ဆက်)