လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

လားရှိုး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့က ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းရာတွင် လားရှိုးမြို့ ခုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ရဲတပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်း၊ မိသားစုဝင် စုစုပေါင်း ၄၀ တို့က စုပေါင်းသွေးလှူဒါန်းခဲ့ရာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး)၊ ရဲမှူးကြီး သန့်ဇင်၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်၊ အမှတ် (၆) မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သက်ထွန်း၊ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲဝင်း၊ သတင်းရဲတပ်ဖွဲ့မှ ရဲမှူး စိုးနိုင်၊ အမှတ် (၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (လားရှိုး)မှ ရဲမှူး မျိုးထိုက်နှင့် အမှတ် (၁၇) မှုခင်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး လင်းလင်းကိုတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)