ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး 

ဝမ်းတွင်း စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းကို စက်တင်ဘာ ၁၇ ရက်က  ရွာတန်းကျေးရွာအုပ်စု၊ ရွာသစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးရဲမြင့်သိန်းက အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်‌ဆွေက ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဝမ်းတွင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် မဲပေးပုံ၊ မဲပေးနည်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်သည်။

အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ  ဝန်ထမ်းများ၊ ပြည်သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)