ဗိုလ်တထောင် စက်တင်ဘာ ၁၈
ဗိုလ်တထောင်ခရိုင်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆောင်ရွက်ရန်အတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက သာကေတမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးအခမ်းအနားသို့ ပထမဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသော ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အသီးသီးဆွေးနွေးကြပြီး အစည်းအဝေးအခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ ၎င်းနေ့နံနက်(၁၁)နာရီခွဲတွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်း (ပြန်/ဆက်)