မိုင်းယောင်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်သို့ စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီက အောင်မင်္ဂလာကျေးရွာ အနာဂတ်အလင်းရောင် စာကြည့်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးစိုးစိုး(သုတစိုး-နေ့သစ်)က စာအုပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် ဦးစိုးစိုး(သုတစိုး-နေ့သစ်)မိသားစုက လှူဒါန်းသည့် စာအုပ် စာစောင်များကို ပေးအပ်ရာ အောင်မင်္ဂလာကျေးရွာ အနာဂတ်အလင်းရောင် စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးဌေးလင်းနှင့် စာကြည့်တိုက်ကော်မတီဝင် ဦးဖေတင်တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)