ရပ်စောက် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းလွင်က စာပေချစ်မြတ်နိုးသူများ အသင်းဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ယုယုအောင် ကစာဖတ်ဝိုင်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်ကြည်ဌေးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေသော သုတအလင်းမဂ္ဂဇင်းမှ စာရေးဆရာမင်းညို (မန်းတက္ကသိုလ်) ရေးသားထားသော “လူငယ်စွမ်းအား ဗလငါးတန်” ခေါင်းစဉ်ဖြင့် လူငယ်များရဲ့ စွမ်းအားများဖြစ်တဲ့ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ အစရှိသည်များကို ရှင်းလင်းဆွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော အဖွဲ့ဝင်များမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)