ညောင်ဦးမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးသစ်ဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

ညောင်ဦး စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၊ RCCနှစ်ထပ်ဆောင်ရုံးသစ်ဖွင့်လှစ်ခြင်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ညောင်ဦး-ကျောက်ပန်းတောင်း သွားကားလမ်းမကြီးဘေး မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၈ ရက်နေ့နံနက် ၉ နာရီက ကကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံယာ့ဝန်ဆောင်၊ လောကနန္ဒာစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တမေဃိယအရှင်သူမြတ်ဦးဆောင်၍ ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်လှူပူဇော်ကြပြီး၊ ဆရာတော်အရှင်သူမြတ်ထံမှ ၈ ပါးသီလခံယူ ဆောက်တည်ကြကာ၊ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက် ကပ်လှူဒါန်းကြပြီး၊ ဆရာတော်အရှင်သူမြတ်များထံက မေတ္တာသုတ်ပရိတ် တရားတော်များနာယူကြည်ညိုကြကာ မြို့နယ်ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရွှေမိုးငွေမိုးရွာသွန်းခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးသည်(၈၀ x ၃၀) ပေ၊ RCC (၂)ထပ်ဆောင်ဖြစ်ပြီး၊ အဆောက်အဦကုန်ကျငွေ ကျပ်သန်း(၂၆၄.၀၀၀)ဖြင့်တည် ဆောက်ပြီးစီးခဲ့ပြီး၊ မြို့နယ်ပညာရေးမှူးရုံး သစ်ဖွင့်ပွဲနှင့်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

481